ဒိုက်ဦး ဧပြီ ၁၈
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊(၂၈/၂၀၂၃)အရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်အကျဉ်းဦးစီးဌာန၊ ဒိုက်ဦးဗဟိုအကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/သူများအနက် အကျဉ်းသား(၁၃)ဦးတို့အား ဧပြီလ ၁၇ ရက်နေ့နံနက် ၉း၃၀ အချိန်က အကျဉ်းထောင်မှ ရဲအပ်လွတ်ပေးခြင်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါလွတ်ပေးခြင်းအခမ်းအနားအား ဒိုက်ဦးဗဟိုအကျဉ်းထောင်ရှိ အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ရာအခမ်းအနားသို့ တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးဆန်းအောင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း၊ ဒိုက်ဦးမြို့နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးဝေယံကျော်၊ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်မျိုး၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူးဦးဖြိုးပိုင်သူနှင့် အေးသုခနယ်မြေရဲစခန်းမှူးရဲအုပ် လှိုင်ထွေးအောင်တို့တက်ရောက်ခဲ့ပြီး တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများမှ ဆုံးမစကားပြောကြားခဲ့ပြီးစနစ်တကျ လွှတ်ပေးခဲ့ပါသည်။
လွတ်မြောက်သွားသူများအား နှာခေါင်းစည်း Mask (၂)ခုစီ၊ ကိုဗစ်ရောဂါကာကွယ်ဆေးထိုးနှံပြီးကြောင်းထောက်ခံချက်၊ လွတ်လက်မှတ်နှင့် ခရီးစရိတ်ငွေ(၄၈၅၈၅)ကျပ်၊ စားစရိတ်ငွေ(၁၃၀၀၀)ကျပ်၊ လုပ်အားရှင်ခံစားခွင့်ငွေ(၁၄၂၅၀) ကျပ် စုစုပေါင်း(၇၅၈၃၅)ကျပ်တို့အား တစ်ဦးချင်းစီသို့ ခွဲဝေထုတ်ပေးခြင်းဆောင်ရွက်ခဲ့ပါကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)