ဒိုက်ဦး ဧပြီ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲနှင့် သက်ကြီးအဘိုးအဘွားများအား ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။
အန္တရာယ်ကင်းပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲတွင် ဒိုက်ဦးမြို့နယ်သံဃာ့နာယကဥက္ကဋ္ဌဖအောင်ဝဲမှန်ကျောင်းဆရာတော်ကဩဝါဒဂါထာနှင့် ရေစက်ချတရားတော်ချီးမြှင့်ပြီးနောက် ကြွရောက်လာကြသော ဆရာတော်သံဃာတော်များက ပရိတ်တရားများ၊ ကမ္မဝါများရွတ်ဖတ်ပူဇော်ကြပြီးနောက် အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။
ဆက်လက်၍အသက် ၈၅ နှစ်အထက်သက်ကြီးအဘိုးအဘွား ၄၅ ဦးအား ပူဇော်ပွဲကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးမှသက်ကြီးပူဇော်ပွဲ ကျင်းပရသည့် အကြောင်းရင်းအား ရှင်းလင်းတင်ပြပါသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက အပူဇော်ခံအဖိုး/အဖွားများအား လက်အုပ်ချီမိုးကန်တော့၍ ဝတ္တုငွေများပေးအပ်ခဲ့ပြီး အပူဇော်ခံအဖိုး/ အဖွားများ ကိုယ်စားအဖိုးတစ်ဦးမှ ဆုမွန်ကောင်းမေတ္တာပို့သ၍ အမှာစကားပြောကြားကာ အခမ်းအနားရုပ်သိမ်းခဲ့ပါသည်။
မြို့နယ် (ပြန်/ဆက်)