ငါးသိုင်းချောင်း ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ရှိ ဘုန်းတော်ကြီးကျောင်း (၅၀) ကျောင်းနှင့် သီလရှင်ကျောင်း (၁၃) ကျောင်း၊ စုစုပေါင်း (၆၃) ကျောင်း၌ သီတင်းသုံးတော်မူသော ဆရာတော်သံဃာတော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများသည် ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်၍ ဆွမ်းဆန်စိမ်းအလှူတော်ခံ ကြွချီခဲ့ကြကြောင်း သိရှိရပါသည်။
ငါးသိုင်းချောင်းမြို့တွင် မြို့အဆင့်ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နေအလှူရှင်ပြည်သူများသည် ဆွမ်းလောင်းမဏ္ဏပ်များထိုး၍ ဆွမ်းဆန်စိမ်းအလှူတော်ခံ ကြွချီတော်မူသော ဆရာတော်သံဃာ တော်အရှင်သူမြတ်များနှင့် သီလရှင်ဆရာလေးများအား ဆန်၊ ဆီ၊ ဆား အစရှိသည့်လှူဖွယ် ပစ္စည်းများနှင့် စုစုပေါင်းငွေသား သိန်း (၂၃၀) ကျပ်တို့ကို လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
ကျော်ကျော်