ကံမမြို့ မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်ချီးမြှင့်

ကံမ ဧပြီ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့   ယမန်နေ့ ညနေ(၅)နာရီအချိန်က  မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ အန္တရာယ်ကင်းပရိတ်  ရွတ်ဖတ်ပူဇော်ပွဲကို   ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ  ယွန်းကျောင်း ပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော်ဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တကောဝိဒထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအုန်းဌေးနှင့်အဖွဲ့ဝင်များ၊  ဌာနဆိုင်ရာများက လှူဖွယ်ဝတ္ထုများ ဆပ်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို  ရွတ်ဖတ်ချီးမြှင့်ပေးခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှဝေခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)