ဟင်္သာတ ဧပြီ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ယမန်နေ့ မြန်မာနှစ်ဆန်း (၁) ရက်နေ့ ညနေ ၅နာရီမှ စတင်၍ မြို့နယ်သံဃမဟာနာယက ဆရာတော်ကြီးများ ဦးဆောင်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ မြို့အတွင်းသို့လှည့်လည်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားခဲ့သည်။
အဆိုပါပရိတ်တရားတော်များ ရွတ်ပွားခြင်းကို ဟင်္သာတမြို့၊ ဥယျာဉ်တောင်ရပ်ကွက်၊ မြစ်ကွေ့ ပရိယတ္တိစာသင်တိုက်မှ တိုက်အုပ်ဆရာတော် ဘန္ဒဒ္ဒဥူးသုနန္ဒပါ သံဃာတော် (၂၀) ပါးတို့အား ပင့်ဆောင်၍ အုပ်ချုပ်မှုယာဉ်များ၊ ပရဟိတယာဉ်များ၊ စုစုပေါင်းပေါင်း (၉) စီးတို့ဖြင့် သံဃာတော်များမှ မေတ္တသုတ်၊ ရတနသုတ်၊ ဓဇဂ္ဂသုတ်စသော အန္တရာယ်ကင်း ပရိတ်တော်များအား ဟင်္သာတမြို့၊ ဥယျာဉ်တောင်ရပ်ကွက်၊ မြစ်ကွေ့ကျောင်းလမ်းမှ၊ ဥယျာဉ်တောင်/မြောက်ရပ်ကွက်၊ ရွှေကူရပ်ကွက်၊ ဆကာရပ်ကွက်၊ ကင်းရပ်ကွက်၊ လယ်တော်ကျေးရွာအုပ်စု၊ ကံလှကျေးရွာအုပ်စု၊ ရွာသာကုန်း ကျေးရွာအုပ်စု၊ ပန်းဘဲတန်းရပ်ကွက်၊ တာကလေးရပ်ကွက်၊ ကနောင်စုရပ်ကွက်၊ မြဝတီရပ်ကွက်၊ လယ်တီကွင်းရပ်ကွက်၊ သုံးပင်ကွင်းရပ်ကွက်၊ တာငါးဆယ်တောင်ရပ်ကွက်၊ တာငါးဆယ်မြောက်ရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ ရုံးကြီးရပ်ကွက်၊ လက်သမားရပ်ကွက်များသို့ မော်တော်ယာဉ်များဖြင့်လှည့်လည်၍ ဟင်္သာတမြို့တွင်း၊ အန္တရာယ်ကင်း ပရိတ်လှည့်လည်ပူဇော်ခြင်းများ ဆောင်ရွက်ခဲ့ပြီး ဟင်္သာအဝိုင်းတွင် အမျှအတန်းပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြကာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွှန့်ဆန်းထွန်းနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ စေတနာရှင်ပြည်သူများမှ အလှူငွေနှင့်အအေးများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်