အင်္ဂပူမြို့နယ်တွင် အန္တရာယ်ကင်းပရိတ်တရားတော်များ မြို့အတွင်းသို့လှည့်လည်ရွတ်ပွား

အင်္ဂပူ ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊မြန်အောင်ခရိုင်၊ အင်္ဂပူမြို့တွင် မြန်မာနှစ်ဆန်း(၁)ရက်နေ့ ညပိုင်းက မြို့တွင်းသို့ လှည့်လည်ပြီး အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားခဲ့သည်။

အဆိုပါပရိတ်တရားတော်များ ရွတ်ပွားခြင်းကို မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တ ရေဝတဓမ္မဦးဆောင်သော သံဃာတော်များမှ မေတ္တသုတ်၊ ရတနသုတ်၊ ဓဇဂ္ဂသုတ်စသော အန္တရာယ်ကင်းပရိတ်တော်များအား မော်တော်ယာဉ်ဖြင့် မြို့တွင်းသို့လှည့်လည်ရွတ်ပွားခဲ့ပြီး ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟနှင့်ရပ်ကျေးအုပ်ချုပ်‌ရေးမှူးများ၊စေတနာရှင်များမှ အလှူငွေနှင့် ‌အအေးများဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အင်္ဂပူမြို့တွင် အစဉ်လာမပျက် နှစ်စဉ်မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် သက်ကြီးပူဇော်ပွဲပြုလုပ်ခြင်း၊ အန္တရာယ်ကင်းပရိတ်တော်များရွတ်ပွားခြင်း၊ စတုဒိသာများကျွေးမွေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

မန်းကျော် (ပြန်/ဆက်)