ပန်းတနော်မြို့နယ်တွင် ဇိဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား ကျင်းပ

ပန်းတနော် ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ၁၃၈၅ ခုနှစ် ဇိဝိတဒါန ငါးလွှတ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ပန်းတနော်မြစ်၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန ဦးစီးမှူးဒေါ်မာမာဆွေနှင့် ဝန်ထမ်းများက ပန်းတနော်မြစ်အတွင်းသို့ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၂ သောင်းခွဲ၊ထိုင်း ငါးခုံးမကြီးသား​​ပေါက်ကောင်ရေ ၅ ထောင် စုစုပေါင်းငါးသားပေါက်ကောင်ရေ ၃ သောင်းကို ဇိဝိတဒါနအဖြစ် စိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)