ထားဝယ် ဧပြီ ၁၈
၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက် ဧပြီ ၁၇ ရက်နေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်တစ်ရပ်ဖြစ်သည့် အခါအားလျော်စွာ ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သော ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စားစေတီတော်မြတ်ကြီး၌ ယနေ့ညနေ့ပိုင်းတွင် ကုသိုလ်ကောင်းမှုပြုကြသူများဖြင့် စည်ကားလျက်ရှိသည်ကိုတွေ့ရှိရသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ဒေသတွင် သမိုင်းဝင်ရှင်ကိုးရှင်ဘုရားများ၊ ထားဝယ်မြို့ ကျက်သရေဆောင် လောကမာရဇိန်ဘုရားကြီးအပါအဝင် ထားဝယ်ဒေသအတွင်းရှိ ဘုရား၊ ပုထိုး၊ စေတီများတွင် စည်ကားလျက်ရှိကြောင်း သိရသည်။
မြန်မာနှစ်ဆန်း(၁)ရက်နေ့သည် ဗုဒ္ဓဘာသာဝင်များအတွက် နေ့ထူးနေ့မြတ်ဖြစ်သည့်အားလျော်စွာ ထားဝယ်မြို့၏ အထင်ကရတစ်ခုဖြစ်သည့် ထားဝယ်မြို့ ကျက်သရေဆောင် ရွှေတောင်စား စေတီတော်မြတ်ကြီးတွင် ထားဝယ်မြို့ရှိ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများက ဗုဒ္ဓဘာသာဝင်သူများပီပီ ရွှေတောင်စားစေတီတော်မြတ်ကြီးအား ပန်း၊ ရေချမ်း၊ ဆီးမီးများ ကပ်လှူပူဇော်ကြပြီး ဗောဓိပင်များတွင် ရေသွန်းလောင်း ဆုတောင်းခဲ့ကြကာ ဘုရားဖူးလာသူများက အဓိဋ္ဌာန်ပုတီးစိပ်ခြင်း၊ ဂုဏ်တော်များနှင့် ပရိတ်တရားတော်များ ရွတ်ဖတ်ခြင်းတို့ ပြုလုပ်ခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဇင်ယော်(ထားဝယ်)