ရွှေကျင်မြို့နယ်တွင် အသက်(၉၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲနှင့်ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

ရွှေကျင်  ဧပြီ  ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်တွင် အသက်(၉၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲနှင့်ဇီဝိတဒါန ငါးလွှတ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရွှေကျင်မြို့နယ်အတွင်းရှိ အသက်(၉၀)နှစ်အထက် သက်ကြီးဘိုးဘွား(၂၀)ဦးအား နံနက် (၈)နာရီအချိန်၌ မြို့နယ်စည်ပင်ခန်းမတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများတက်ရောက်ကြပြီး အသက်(၉၀)နှစ်အထက် သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် ငွေ‌ ၄၀၀၀၀ (လေးသောင်း)ကျပ်နှင့် လူဖွယ်ပစ္စည်း(၁၂)မျိုးတို့အား ထောက်ပံ့လှူဒါန်းခဲ့သည်။ ဆက်လက်ပြီး နံနက် (၉)နာရီတွင် ရွှေကျင်-တောင်ဘက်သွား တံတားအောက်ရှိ ရွှေကျင်ချောင်းအတွင်းသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းသူနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုပေါင်း၍ ငါးခုန်းမကောင်ရေ (၁၅၀၀)၊ ငါးမြစ်ချင်းကောင်ရေ (၅၀၀)၊ စုစုပေါင်း ငါးကောင်ရေ(၂၀၀၀)တို့အား ဇီဝိတဒါန ငါးလွှတ်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဇော်(ပြန်/ ဆက်)