ကျောက်တံခါးမြို့နယ် ကွင်းနောက်ရပ်ကွက်တွင် အသက်(၇၅)နှစ်နှင့်အထက် အဘိုးအဘွားများအား နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲကျင်းပ

ကျောက်တံခါး ဧပြီ ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ် ကွင်းနောက်ရပ်ကွက်တွင် အသက်(၇၅)နှစ်နှင့်အထက် အဘိုးအဘွားများအား နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲကို ယနေ့နံနက်(၈)နာရီအချိန်က ကွင်းနောက်ရပ်ကွက် လျှပ်စစ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သက်ကြီးပူဇော်ပွဲတွင် သက်ကြီးဘိုးဘွားများအား တက်ရောက်လာကြသူများက သြကာသကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ကြပြီး ကွင်းနောက်ရပ်ကွက် လျှပ်စစ်(၁)လမ်းမှ (၇)လမ်းအတွင်းရှိ အသက်(၇၅)နှစ်နှင့်အထက်အဘိုးအဘွား(၃၅)ဦးအား တစ်ဦးလျှင် (၁၅၀၀၀/)ကျပ်နှုန်းဖြင့် လှူဒါန်းသည်။ ဆက်လက်၍ အဘိုးအဘွားများကိုယ်စား အဘိုးတစ်ဦးက သြဝါဒစကား ပြောကြားသည်။ အဆိုပါ နှစ်သစ်ကူး သက်ကြီးပူဇော်ပွဲအား လျှပ်စစ်ပိုင်းရှိ ပြည်သူများမှ စုပေါင်း၍ လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ ဆက်)