အိမ်မဲ ဧပြီ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် နှစ်စဥ်ကျင်းပသည့် (၁၁၅) ကြိမ်မြောက် မြို့နယ်လုံးကျွတ် သံဃာ့ဒါနဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်မှစတင်၍ကျင်းပ ခဲ့ကြောင်းသိရသည်။
အိမ်မဲမြို့နယ်အတွင်း ဘုန်းတော်ကြီးကျောင်းတိုက်ပေါင်း (၂၁၀) ကျောင်းတွင် ဝါဆိုဆပ်ကပ်တော်မူကြမည့် ပင့်သံဃာအပါး ၁၀၀၀ ကျော်တို့က အိမ်မဲမြို့အဝင် ဇီးကျောင်းအောင်သိပ္ပံကျောင်းမှစုရပ်ပြုလုပ်ပြီး အိမ်မဲမြို့အတွင်းသို့ ကမ်းနားလမ်းအတိုင်းကြွချီတော်မူလာရာ အိမ်မဲမြို့နယ်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းအဖွဲ့များ၊ စေတနာရှင်ပြည်သူအပေါင်းတို့မှ မြတ်စွာဘုရာအားအမှူးထား၍ ဆွမ်းဆန်၊ ဆီ၊ ဆား၊ ကြက်သွန်၊ အစရှိသည့်လှူဒါန်း ဖွယ်ရာများနှင့် ဝတ္ထုငွေများကိုဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
ချစ်သက်လယ် (အိမ်မဲ)