ပုသိမ်အကျဥ်းထောင်မှ အကျဥ်းသား(၃၃)ဦးအား ​ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပြု

ပုသိမ် ဧပြီ ၁၈

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ​မြန်မာနှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထား‌သောအားဖြင့်လည်းကောင်း အကျဉ်းထောင်/အချုပ်ထောင်/စခန်းအသီးသီးတို့၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား၊ အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲရာ ယနေ့နံနက်ပိုင်းတွင် ပုသိမ်အကျဥ်းထောင်မှ အကျဥ်းသား (၃၃) ဦး အားလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ကြောင်းသိရသည်။

 အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် ပုသိမ်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုး၊ ထောင်တာဝန်ခံအရာရှိ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဇော်လင်း၊ ပုသိမ်နယ်မြေရဲစခန်းမှူး ဒုရဲမှူးကျော်ဦး၊ ခရိုင်မီးသတ်ဦးစီးဌာန ဒု-မီးသတ်ဦးစီးမှူး ဦးဝင်းဆန်းတို့က လွတ်ငြိမ်း ချမ်းသာခွင့်ရရှိသော အကျဥ်းသားများအားအကျဥ်းထောင်အစည်းအဝေးခန်းမတွင် တွေ့ဆုံ၍ ဆုံးမဩဝါဒ စကားများ ပြောကြားခဲ့သည်။

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရရှိသူများသည် ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ်ပြစ်မှု ထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသောပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက် ဖြင့်ပြစ်ဒဏ်မှလွတ်ငြိမ်းချမ်းသာခွင့်ပြု​ပေးခဲ့ကြောင်း သိရှိရသည်။

မြင့်ဟန်

ပုသိမ်ခရိုင် (ပြန်/ဆက်)