ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီးတွင် နှစ်ဆန်း ၁ ရက်နေ့ ဘုရားဖူး မိဘပြည်သူများဖြင့် စည်ကား

ဟိုင်းကြီးကျွန်း ဧပြီ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီးတွင် ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့၌ ဘုရားဖူး မိဘပြည်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးမိဘပြည်သူများမှ မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော် မြတ်ကြီးအား ပန်း၊ ဆီမီး၊ သောက်တော်ရေချမ်း၊ အမွှေးနံ့သာများ ဖြင့် ကပ်လှူပူဇော်ခြင်းများ၊ ရွှေသင်္ကန်းများကပ်လှူခြင်း၊ ဝတ္ထု‌ငွေ များ ဆက်ကပ်လှူဒါန်းခြင်း၊ ဥပုသ်သီလ‌စောင့်တည်ခြင်းတို့ဖြင့် မဟာမကုဋရံသီ မြတ်မော်တင်စွန်းစေတီတော်မြတ်ကြီး၌ စည်ကား လျက်ရှိကြောင်း သိရသည်။

လှိုင်မျိုးအောင် (ဟိုင်းကြီးကျွန်း ပြန်/ဆက်)