ပြည်မြို့သီရိခေတ္တရာဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပ

ပြည် ဧပြီ ၁၈

၂၀၂၃ခုနှစ် ဧပြီလ(၁၇)ရက် မြန်မာနှစ်ဆန်းတစ်ရက်နေ့ ယမန်နေ့နံနက် ၉နာရီက ပြည်မြို့သီရိခေတ္တရာဘိုးဘွားရိပ်သာ၌ အဘိုအဘွားများအား သက်ကြီးပူဇော်ပွဲကျင်းပပြုလုပ်သည်။

အဆိုပါသက်ကြီးပူဇော်ပွဲတွင် ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်က နှစ်သစ်ဆုတောင်းစကားပြောကြားပြီး တက်ရောက်လာကြသူများက အဘိုးအဘွားများကို ကန်တော့ချိုးဖြင့် ရှိခိုးကန်တော့ကြသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းဦးနှင့် ခရိုင်/ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များက အဘိုးအဘွားများထံ အလှူငွေနှင့်လှူဖွယ်ပစ္စည်များ ပေးအပ်လှူဒါန်းကြရာ အဘိုးအဘွား (၄၁)ဦးကိုယ်စား အဘိုးတစ်ဦးနှင့် အဘွားတစ်ဦးက ဆုတောင်းမေတ္တာပို့စကားများ‌ပြန်လည်‌ ပြောကြားကြောင်း သိရသည်။

ကိုဆက်(ပြန်/ ဆက်)