လက်ပံတန်း ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၁၃၈၅ ခုနှစ် မြန်မာနှစ်ဆန်း ၁ ရက်နေ့ နှစ်သစ်မင်္ဂလာအခါသမယ မြန်မာရိုးရာအစဉ်အလာ ဇီဝိတဒါန ငါးလွှတ်ပွဲကို ဧပြီ ၁၇ရက် နံနက် ၈ နာရီက ဘီးလင်းတန်းရပ်ကွက် ဘုရားကြီး ကျောင်းတိုက် ပရဝဏ်၌ ကျင်းပခဲ့သည်။
အဆိုပါ ငါးလွှတ်ပွဲသို့ လက်ပံတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင် နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာသအင်းဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ကုသိုလ်ယူခဲ့ကြောင်းသိရသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များသည် လက်ပံတန်းမြို့ စိန်သီဘိုးဘွားရိပ်သာ၌ မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွား (၆၁)ဦးတို့အား လှူဖွယ်ဝတ္ထုများ ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)