ကလေး ဧပြီ ၁၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏(၁၇-၄-၂၀၂၃)ရက်စွဲပါ အမိန့်အမှတ်(၂၈/၂၉/၂၀၂၃)အရ အကျဥ်းသားအမျိုးသား(၂၃)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း(၂၆)ဦးကို လွတ်ငြိမ်းသက်သာခွင့်ပေးသည့်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါအကျဥ်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ ရဲမှူးမြင့်ဝေနှင့်တာဝန်ရှိသူတို့က လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ကြသည့် အကျဥ်းသား/ အကျဉ်းသူများကို ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။
ထို့နောက် ကလေးအကျဥ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူးဦးအောင်မိုးဝင်းက အမှာစကားပြောကြားပြီး လွတ်ငြိမ်းချမ်းသာခွင့်ရရှိသည့် အကျဉ်းသား/အကျဉ်းသူတစ်ဦးချင်းစီကို ထောင်လွတ်လက်မှတ်နှင့် စားစရိတ်/ခရီးစရိတ်များပေးအပ်ခဲ့ပြီး လမ်းခရီးသွားလာရေးအဆင်ပြေစေရန် တာဝန်ရှိသူများမှ ဆောင်ရွက်ပေးခဲ့ကြောင်းသိသည်။
ခရိုင်(ပြန်/ဆက်)