ပိုင်ကျုံမြို့ အမှတ်(၄)ရပ်ကွက်‌ တနင်းဖလုံလမ်း၌ သွားလာမှုလွယ်ကူစေရေး ကိုယ်ထူကိုယ်ထဖြင့် ရေပြွန်(၁)ခု တည်ဆောက်

ပိုင်ကျုံ  ဧပြီလ  ၁၇

အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေးနှင့် မြို့သာယာလှပ‌ရေးအတွက် ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့၊ အမှတ်(၄)ရပ်ကွက်ရှိ တနင်းဖလုံလမ်းတွင် ကိုယ်ထူကိုယ်ထဖြင့် ရေပြွန်(၁)ခု တည်ဆောက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းအား တောင်ပို့ကျောင်းဆရာတော် ဦးဆောင်၍ ရပ်ဝေးရပ်နီးမှ အလှူ့ဒါကာ၊ ဒါယိကာမများတို့မှ စုပေါင်းလှူဒါန်းငွေ (၄၃၉၆၀၀)ကျပ်ဖြင့် (အရှည် ၄ပေxအကျယ် ၂၄ပေx အမြင့်၄ပေ)ရှိ ရေပြွန်အား အမှတ်(၄) ရပ်ကွက်မှ ပြည်သူများတို့၏ စုပေါင်းလုပ်အားဖြင့် မတ်လ ၁၇ ရက်နေ့တွင်  တည်ဆောက်ခဲ့သည်။ 

ထိုရေပြွန် တည်ဆောက်ခြင်းကြောင့် အများပြည်သူများ သွားလာရေးအတွက် ပိုမိုအဆင်ပြေလာမည့်အပြင် မိုးတွင်းကာလတွင် ရေစီးရေလာကောင်းမွန်စေပြီး   ကျန်းမာ‌ရေး၊ ပညာရေး ၊စီးပွားရေး၊ လူမှုရေး လုပ်ငန်း များ ဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေလာမည် ဖြစ်ကြောင်း သိရှိရပါသည်။

နော်ခူး (ပြန်/ဆက်)