စေတုတ္တရာ ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၊ မြို့လည်လမ်းမကြီး၌ နံနက် ၈နာရီအချိန်က ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပခဲ့ပြီး စေတုတ္တရာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ နံနက် ၉ နာရီအချိန်က အသက်(၈၀)နှင့်အထက် ဘိုးဘွားများအားပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် အသက်(၈၀)နှင့်အထက် ဘိုးဘွားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟိန်းထက်အောင် ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များက ကာယကံကန်တော့ကျိုးဖြင့် ကန်တော့ခဲ့ကြပြီး ကန်တော့ပစ္စည်းများ ပေးအပ် လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ဘိုးဘွားများကိုယ်စားတစ်ဦးမှ ဩဝါဒချီးမြှင့်ပေးပြီး အခမ်းအနားပြီးဆုံးခဲ့ကြောင်း သိရသည်။
ယင်းနောက် အခမ်းအနားသို့ မတက်ရောက်နိုင်သော ဘိုးဘွားများထံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ ကန်တော့ခံပစ္စည်းများအား သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
မောင်မိုးရွှေ(ပြန်/ဆက်)