ဘိုကလေးမြို့နယ်တွင် သက်ကြီးပူဇော်ပွဲကျင်းပ

ဘိုကလေး ဧပြီ ၁၇

ဗုဒ္ဓဘာသာ မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံအတိုင်း အတာသင်္ကြန် ပြီးဆုံးသည့်အခါ ကျရောက် သည့် မြန်မာနှစ်ဆန်း(၁)ရက်နေ့တွင် နေရာဒေသအနှံ့အပြား၌ ကုသိုလ်ကောင်းမှု အစုစုကို ပြုမူဆောင်ရွက်ကြရာ ယနေ့ကျရောက်သော (၁၃၈၅)ခုနှစ် မြန်မာနှစ်ဆန်း(၁)ရက်နေ့ နံနက်(၇)နာရီ အချိန်၌ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့လယ်ကျက်သရေဆောင် ဆွမ်းလောင်းဓမ္မာရုံကြီးတွင် မြို့နယ်တွင်းမှ ဘိုးဘွား(၁၀၀)အား သက်ကြီးပူဇော်ပွဲ ကျင်းပပြုလုပ် သည်။

အဆိုပါ သက်ကြီးပူဇော်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးဆောင်ရွက်ခြင်းဖြစ်ပြီး သက်ကြီးပူဇော်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့်အဖွဲ့ဝင်များ၊  မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့် ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့တို့ တက်ရောက်ကြကြောင်းနှင့် မြို့နယ်တွင်းမှ ပူဇော်ကန်တော့ခံ ဘိုးဘွား(၁၀၀)အား အာဟာရစားဖွယ်ရာများ လှူဒါန်းကာ ကန်တော့ငွေအဖြစ် တစ်ဦးလျှင် ငွေကျပ် (၁၆၀၀၀)နှုန်း ကန်တော့ခဲ့ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)