ဖျာပုံမြို့၌ ငါးမြစ်ချင်းနှင့် ငါးခုံးမအကောင်ရေ (၃)သောင်းကျော်အား ဇီဝိတဒါနအဖြစ် ငါးလွှတ်ပွဲ ကျင်းပ

ဖျာပုံ ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဦးဆောင်၍ ဖျာပုံမြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ငါးမြစ်ချင်းနှင့် ငါးခုံးမသားပေါက်အကောင်ရေ(၃)သောင်း ကျော်အား၊ဧပြီလ (၁၇)ရက်နေ့ နံနက်(၈)နာရီခွဲ အချိန်က ဖျာပုံခရိုင်ငါး လုပ်ငန်းဦးစီးဌာန၊ ရုံးဆိပ်ကမ်းမှ ဖျာပုံမြစ်အတွင်းငါးလွှတ်ပွဲကျင်းပ ပြုလုပ်သည်။

အဆိုပါ ဇီဝိတဒါန ငါးလွှတ်ပွဲသို့ ဖျာပုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးနိုင်လင်းနှင့်အဖွဲ့ ဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးကိုကိုလွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဖျာပုံခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဖျာပုံခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက၊ ဖျာပုံမြစ်အတွင်းသို့ ဇီဝိတဒါနအဖြစ် ငါးမြစ်ချင်း ငါးသားပေါက် အကောင်ရေ (၁၅၀၀)ကောင်နှင့် ငါးခုံးမအကောင်ရေ(၃) သောင်းအား ဇီဝိတဒါနအဖြစ် ဖျာပုံမြစ်အတွင်းသို့ တပျော်တပါး ငါးလွှတ်ပွဲကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)