ချောက် ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ၁၃၈၅ခုနှစ်၊ မြန်မာ့နှစ်သစ်ကူး၊ နှစ်ဆန်း(၁)ရက်နေ့တွင် အစဥ်အလာမပျက် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉နာရီအချိန်က ချောက်မြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအားပူဇော်ကန်တော့ပွဲ အခမ်းအနားကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
သက်ကြီးဘိုးဘွားများ ပူဇော်ကန်တော့ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးကျော်၊ အဖွဲ့ဝင်(၂)ဦးအေးမင်းထွန်း၊ ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယ ရဲမှူးကြီးချမ်းမြေ့ဝင်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ချောက်မြို့နယ်အတွင်းရှိ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လှူဖွယ် ဝတ္ထု ပစ္စည်းများ ပေးအပ်လှူဒါန်းခဲ့သည်။
ထို့နောက် ပူဇော်ကန်တော့ခံ သက်ကြီးဘိုးဘွားများကိုယ်စား တာဝန်ရှိသူတစ်ဦးမှ ဆုပေးဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
ချောက်မြို့နယ်အတွင်း အသက်(၉၀)နှစ်နှင့်အထက်သက်ကြီးဘိုးဘွား (၉၂)ဦးရှိပြီး သက်ကြီး ဘိုးဘွားများအား တစ်ဦးလျှင်ငွေတစ်သောင်းနှုန်းဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများမှ တစ်ဆင့် အိမ်တိုင်ရာရောက် ဆက်လက်ပူဇော်ကန်တော့သွားမည်ဖြစ်ကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)