ဟုမ္မလင်း ဧပြီ ၁၇
၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၊ ချင်းတွင်းမြစ်ရေထဲသို့ ဧပြီလ (၁၇)ရက်နေ့ နံနက်(၇)နာရီခွဲ အချိန်က ဇီဝိတဒါန ငါးလွှတ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားသို့ ဟုမ္မလင်းလေတပ်စခန်းဌာနချုပ် တပ်နယ်မှူး ဗိုလ်မှူးချုပ် သိန်းထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲဝင်း၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးသိန်းဇော်၊ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဒေါ်မြင့်မြင့်လှိုင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်အင့်/မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့နှင့်၊ မိခင်နှင့်ကလေး စောင့်ရှောင့်ရေးအသင်း အဖွဲ့များ၊ တာဝန်ရှိသူများက ဟုမ္မလင်းမြို့၊ ချင်းတွင်းမြစ်ရေထဲသို့ ထိုင်းငါးခုံမ(၅၀၀၀)၊ ငါးမြစ်ချင်းအကောင် (၂၀၀၀၀)၊ စုစုပေါင်း အကောင်ရေ (၂၅၀၀၀)အား ငါးများလွှတ်ပေးခဲ့ကြကြောင်းသိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)