မအူပင်မြို့တွင် မြန်မာ့နှစ်ဆန်း (၁)ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲကျင်းပ

မအူပင် ဧပြီ ၁၇

မအူပင်မြို့တွင် ငါးလုပ်ငန်းဦးစီးဌာနက ဦးဆောင်ကျင်းပသော မြန်မာ့နှစ်ဆန်း (၁)ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲကို မအူပင်မြို့ မင်းဧရာတံတားအနီး တိုးမြစ်သဘာဝမြစ်ရေပြင်တွင် ဧပြီ ၁၇ နံနက် ၇ နာရီအချိန်ကကျင်းပသည်။

အဆိုပါငါးလွှတ်ပွဲသို့ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ခဲ့ကြပြီး တလုပ်လှငါးသားဖောက်စခန်းနှင့် အောင်ဟိတ် ငါးသားဖောက်စခန်းတို့မှ ရွှေဝါငါးကြင်းကောင်ရေ (၂)သိန်း၊ ငါးခုံးမကြီးကောင်ရေ (၃)သိန်း၊ စုစုပေါင်းငါးကောင်ရေ (၅)သိန်း ဇီဝိတဒါနအဖြစ် လွှတ်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)