ရွှေဘိုမြို့၌ အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်​တော့ပွဲကျင်းပ

ရွှေဘို ဧပြီ ၁၇

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ​ရွှေဘိုခရိုင်​၊ ရွှေဘိုမြို့တွင် မြန်မာနှစ်ဆန်းတစ်ရက်နေ့၌ နှစ်စဥ်ကျင်းပလျက်ရှိသော အသက်(၉၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီချိန်က မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

ထိုသို့ ကျင်းပရာတွင် အမှတ်(၅)စစ်အုပ်ချုပ်​ရေးနယ်​မြေ၊​ ရွှေဘိုတပ်နယ်မှူးနှင့်ဇနီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးရဲထွဋ်ဝင်းနှင့်ဇနီး၊ အတွင်း​ရေးမှူး​ရွှေဘိုခရိုင်ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီးစွမ်းဇာနည်နှင့်ဇနီး၊ အဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနခရိုင်ဦးစီးမှူးဦး​အောင်မြင့်နှင့်ဇနီး၊​ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဒုခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့ဥက္ကဋ္ဌ ဦး​ဇော်မျိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊  မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များ၊ မြို့မိမြို့ဖနှင့်ရပ်ကွက်အုပ်ချုပ်​ရေးမှူးများတက်ရောက်ခဲ့ပြီးနောက် မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် မြို့ပေါ်(၁၀)ရပ်ကွက်မှအသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား(၁၇၀)ဦးရှိရာအခမ်းအနားသို့ တက်ရောက်ခဲ့သည်ဘိုးဘွား(၃၁)ဦးအား ဝတ္ထုငွေနှင့်လှူဖွယ်ပစ္စည်းများပူဇော်ကန်​တော့ခဲ့ကြပြီး ဘိုးဘွားများ၏ကိုယ်စား အဘိုးအဘွားတစ်ဦးစီက ဆုပေးမေတ္တာ စကားပြောကြားသည်။

ယင်းနောက် သက်ကြီးဘိုးဘွားများအား မုန့်အာဟာရဖြင့်ကျွေးမွေးခဲ့ပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဘိုးဘွားများအား ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများမှ အိမ်တိုင်ရာရောက် သွားရောက်ပူဇော်ကန်​တော့သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်