ဟင်္သာတမြို့နယ်တွင် မြန်မာနှစ်သစ်ကူးနှစ်ဆန်း(၁)ရက်နေ့ ဇီဝိတဒါန ငါးလွှတ်ပွဲ အခမ်းအနား ပြုလုပ်

ဟင်္သာတ ဧပြီ ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်တွင် ဟင်္သာတခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးကျင်းပသော ဇီဝိတဒါနငါးလွှတ်ပွဲ အခမ်းအနားကို ဟင်္သာတမြို့၊ ပခန်းရပ်ကွက် ဧရာဝတီမြစ်၊ ကမ်းနားကြီးသင်္ဘောဆိပ်ကမ်းတွင် ယနေ့နံနက် ၆ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင်ဇနီး၊ အဖွဲ့ဝင်(၁) ဒုဗိုလ်မှူးကြီးနေလင်းအောင်နှင့်ဇနီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးစိုးပိုင်နှင့် ဝန်ထမ်းများ၊ ဟင်္သာတ ငါးသားပေါက်စခန်း တာဝန်ခံနှင့်ဝန်ထမ်းများ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့များ၊ပြည်သူများမှ ဧရာဝတီမြစ်အတွင်းသို့ ရွှေဝါငါးကြင်းနှင့်ငါးမြစ်ချင်း ငါးသားပေါက်အကောင်ရေ (၅၀၀၀၀)ငါးသောင်းအား ဇီဝိတဒါန ကုသိုလ်ပြု လွှတ်ပေးခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)