သဲကုန်းမြို့နယ်၌ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်သက်ကြီးပူဇော်

သဲကုန်း ဧပြီ ၁၇

၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့အထိမ်းအမှတ် ဇီဝိတဒါန ငါးလွှတ်ပွဲနှင့်  သက်ကြီးပူဇော်ပွဲကို သဲကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်တို့က ဇီဝိတဒါနအဖြစ် ၂ လက်မဆိုဒ် ရွှေငါးနှင့်ငါးကြင်းပေါက်ငါးအကောင်ရေ (၅၀၀)ကောင်အား ကန်သာယာရေကန်တွင် လွှတ်ပေးခဲ့ကြောင်း သိရသည်။ ထို့နောက် သဲကုန်းမြို့ပေါ်(၄)ရပ်ကွက်နှင့် ကျေးရွာများရှိ အသက်(၉၀)နှစ်နှင့်အထက် ဘိုးဘွား(၁၂၀)ဦးအား အဘိုးအဘွားတစ်ဦးလျှင် နှစ်ဦးပူဇော်ကန်တော့ငွေ တစ်သောင်းငါးထောင်ကျပ်စီအား နေအိမ်အရောက် လိုက်လံကန်တော့ခဲ့ကြောင်း သိရသည်။

မြို့နယ်၊ပြန်/ဆက်