မြန်မာ့နှစ်ဆန်း(၁)ရက်နေ့ သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

သာယာဝတီ    ဧပြီ ၁၇

မြန်မာနှစ်ဆန်း(၁)ရက်နေ့ မြန်မာ့နှစ်သစ်ကူးအခါသမရတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့် အကျဉ်းထောင်၊ အချုပ်ထောင်နှင့် စခန်းအသီးသီးမှ ပြစ်ဒဏ်ကျခံနေကြသည့် အကျဉ်းသား/အကျဉ်းသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာ ယနေ့နံနက်ပိုင်းက သာယာဝတီအကျဉ်းထောင်မှ အကျဉ်းသား/ သူ(၁၂)ဦးအား လွတ်ငြိမ်းချမ်းသာ ခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ရာတွင် အကျဥ်းထောင်တာဝန်ခံအရာရှိ ဦးရဲရင့်နိုင်၊ သာယာဝတီမြို့နယ်ရဲမှူး ခင်စိုးလွင်၊ ​မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဝေယံမင်း၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရအကျဉ်းသား(၁၂)ဦးအား အကျဉ်း ထောင်အစည်းအဝေးခန်းမတွင် ဆုံးမစကားပြောကြားပြီး အကျဉ်းထောင်တာဝန်ရှိသူများက ထောင်လွှတ်လက်မှတ်နှင့် ခရီးစရိတ်ငွေများ ပေးအပ်ခဲ့ကာ အကျဉ်းထောင်မှလွှတ်ပေးခဲ့ကြောင်း သိရသည်။

သန့်ဇော်