ကြို့ပင်ကောက်မြို့ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား ကုသိုလ်ပြု အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေး

ကြို့ပင်ကောက် ဧပြီ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့ ဘိုးဘွားရိပ်သာရှိ ဘိုးဘွားများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဒေါက်တာခိုင်သဉ္ဇာနှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် ကုသိုလ်ပြု အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်ကျန်းမာရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါက်တာခိုင်သဉ္ဇာက အပူဒါဏ်ကြောင့်ဖြစ်တတ်သာရောဂါများနှင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ ဆီးချိုသွေးချိုရောဂါများအကြောင်း သွေးတိုးရောဂါအကြောင်းတို့ကို အသိပညာပေးရှင်းလင်းပြောကြားပြီး ဘိုးဘွားများအားလိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများဆောင်ရွက်ပေးပြီး ကိုဗစ်-၁၉ရောဂါကာကွယ်ဆးလေးကြိမ်မြာက် ထိုးနှံပေးခြင်းတို့ကိုဆောင်ရွက်ပေးခဲ့ကြသည်။

ထို့နောက် မြို့နယ်မိခင်နှင့်ကလးစာင့်ရှောက်ရးအသင်း ဥက္ကဋ္ဌ ဒေါ်နေခြည်နုနှင့် အသင်းဝင်များက ဘိုးဘွားများအား ခြေသည်းလက်သည်းညှပ်ပေးခြင်းများ မုန့်များလှူဒါန်းခြင်းနှင့် ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ကျန်းမာရေးစောင့်ရှောက်မှုများအား ကူညီအားဖြည့်၍ ကုသိုလ်ပြုဆောင်ရွက်ပေးခဲ့ကြကြောင်းသိရသည်။

ကြို့ပင်ကောက်မြို့ ဘိုးဘွားရိပ်သာတွင် အဘိုး ၉ ဦး၊ အဘွား ၁၁ ဦးတို့ကိုဂေဟာမှူး ဦးသန်းလွင် ဦးဆောင်သော ဝန်ထမ်း ၃ ဦးတို့နှင့် ကော်မတီဝင်များက စောင့်ရှောက်ထားပြီး ဘိုးဘွားတို့၏ စားဝတ်နေရေးကျန်းမာရေးဆိုင်ရာကိစ္စရပ်များအား အလှူရှင်များ၏ လှူဒါန်းမှုများဖြင့် လည်ပတ်ရပ်တည်လျက်ရှိကြောင်းနှင့် ဆက်သွယ်လှူဒါန်းလိုပါက ၀၉၆၉၇၃၁၂၀၄၇ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရ သည်။

ဇေယျာထွန်း (ကြို့ပင်ကောက်)