ငဖဲ ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူး၍ ၁၃၈၅ ခုနှစ်နှစ်ဆန်းတစ်ရက်နေ့တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော သက်ကြီးဘိုးဘွားများပူဇော် ကန်တော့ပွဲကို ယနေ့နံနက် ၈နာရီခွဲအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက အဘိုးအဘွားများအားပူဇော်ကန်တော့ပြီး ပူဇော် ကန်တော့ခံ လာရောက်သည့် အသက်(၈၀)နှစ်အထက် အဘိုးအဘွား (၁၅) ဦးတို့ကို တစ်ဦးလျှင် အလှူငွေကျပ် သုံးသောင်းငါးထောင်နှင့် လှူဖွယ်ပစ္စည်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက ပေးအပ်ကန်တော့ကြပြီး အခမ်းအနားသို့ မလာရောက်နိုင်သည့် အဘိုးအဘွား (၂၂)ဦးကို အိမ်တိုင်ရာရောက်သွားရောက်ကန်တော့ခဲ့ကြကာ အဘိုးအဘွား(၃၇)ဦးအတွက် စုစုပေါင်း အလှူငွေကျပ် တစ်ဆယ့်နှစ်သိန်းကိုးသောင်း ငါးထောင်နှင့် ပစ္စည်းတန်ဖိုးတစ်သိန်းရှစ်သောင်းငါးထောင် ကျပ်ရှိကြောင်းသိရသည်။
ထို့နောက် သက်ကြီးပူဇော်ပွဲအခမ်းအနားသို့ ကန်တော့ခံတက်ရောက်လာသောအဘိုးအဘွားများ ကိုယ်စား ကျောင်းတွင်းရပ်ကွက်မှအဘိုးဦးဝဏ္ဏနှင့် မြို့မရပ်ကွက်မှ အဘွားဒေါ်တင်သိန်း တို့က ဆုတောင်းစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)