မင်းလှ ဧပြီ ၁၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသည့် သက်ကြီးပူဇော်ပွဲအမ်းအနားကို ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ (ဧပြီ ၁၇ ရက်) နံနက် ၉ နာရီချိန်က အမှတ်(၆)ရပ်ကွက်၊ မြို့လယ်ဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့သည်။
သက်ကြီးပူဇော်ပွဲကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ကန်တော့ခံသက်ကြီးအဘိုး၊ အဘွားတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပရဟိတအသင်းအဖွဲ့များက ကန်တော့ကျိုးဖြင့် ပူဇော်ကန်တော့ခဲ့သည်။
ဆက်လက်၍ အသက်(၉၀)နှစ်အထက်သက်ကြီးအဘိုး(၁၃)ဦး၊ အဘွား(၃၅)ဦး စုစုပေါင်း(၄၈)ဦးအား တစ်ဦးလျင်ကန်တော့ငွေ ၃၀၀၀၀/-ကျပ်စီအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကအသီးသီးပေးအပ်ခဲ့သည်။
ထို့နောက် ကန်တော့ခံအဘိုးအဘွားများကိုယ်စား အဘွားဒေါ်ထွေးရီမှာ ဆုတောင်းမေတ္တာပို့စကားများပြန်လည်ပြောကြားပေးခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ပေါက်စ(မင်းလှ)