ဆင်ပေါင်ဝဲမြို့နယ်တွင် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားနာနှင့် သက်ကြီးပူဇော်ပွဲ ကျင်းပ

ဆင်ပေါင်ဝဲ ဧပြီ ၁၇

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူး၍ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ အလှူရှင်များ စုပေါင်းကျင်းပပြုလုပ်သည့် နှစ်သစ်ကူးအန္တရာယ်ကင်းပရိတ်တရားနာနှင့် သက်ကြီးပူဇော်ပွဲကို ယနေ့နံနက် ၇ နာရီ အချိန်က မြို့နယ်ခန်းမ၌ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်သံဃာနာယက ဥက္ကဋ္ဌ ဆရာတော်ဦးဩဘာသမှ သြဝါဒချီးမြှင့်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက သံဃာတော်တို့အား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

ဆက်လက်ပြီး သက်ကြီးပူဇော်ပွဲကို ကျင်းပရာ မြို့နယ်ရပ်ကွက်များမှ(၈၅)နှစ်အထက် ဘိုးဘွား(၄၇)ဦးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊စေတနာရှင်အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများလှူဒါန်း၍ ပူဇော်ကန်တော့ကြပြီးအမှတ်(၁)ရပ်ကွက်မှ အဘိုးဦးဆယ်တင်က ဆုတောင်းစကားပြောကြားခဲ့ကြောင်း သိရသည်။

ခန့်ဝင်း(ဆင်ပေါင်ဝဲ)