သရက် ဧပြီ ၁၇
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်းပရိတ် တရားတော်များရွတ်ဖတ်ချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် ၇ နာရီက မဟာသင်္ကြန်ဗဟိုမဏ္ဍပ် တွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြခဲတောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသီလဝံသထံမှ သီလခံယူဆောက်တည်ကြပြီး ခရိုင်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက လှူဖွယ်ဝတ္ထုများဆပ်ကပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဆရာတော်သံဃာတော်များက အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ်ချီးမြှင့်ပေးခဲ့ပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှဝေခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်