ကော့သောင်း ဧပြီ ၁၇
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၏ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်အတက်နေ့ဖြစ်သည့် ယနေ့တွင် မြို့၏ဗဟိုဆုပေးမဏ္ဍပ်တွင် နံနက်ပိုင်းမှစတင်၍ နိုင်ငံကျော်တေးသံရှင်များမှ ခေတ်ပေါ်တေးသီချင်းများဖြင့်လည်းကောင်း၊ အကလှပျိုဖြူများနှင့်တွဲဖက်၍ သင်္ကြန်သီချင်းသီဆိုကပြဖျော်ဖြေမှုများဖြင့်လည်းကောင်း၊ သီဆိုကပြဖျော်ဖြေကြရာ ရေပက်ခံထွက်သည့် မြို့နေပြည်သူများမှတစ်ခဲနက်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက်ခရိုင်နှင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများမှ စတုဒိသာများဖြင့်ဧည့်ခံကျွေးမွေးကြပြီး သင်္ကြန်ချစ်သူပြည်သူများမှ နိုင်ငံကျော်တေးသံရှင်များနှင့်အတူ အမှတ်တရမှတ်တမ်း ဓာတ်ပုံများရိုက်ခြင်း၊ သီဆိုဖျော်ဖြေမှုများတွင် ပါဝင်ဖျော်ဖြေကြခြင်းနှင့်အတူ မဟာသင်္ကြန်အတက်နေ့ကို အားပါးတရပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။
ထို့အတူ ရေပက်ခံထွက်ကြသူများမှလည်း မိသားစုအလိုက်၊ အုပ်စုအလိုက်မော်တော်ဆိုင်ကယ်၊ မော်တော်ကားများဖြင့် မြို့အနှံ့ရေပက်ခံထွက်၍လည်းကောင်း၊ ကမ်းခြေများတွင်အနားယူအပန်းဖြေခြင်းဖြင့်လည်းကောင်း မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်၏ နောက်ဆုံးနေ့ဖြစ်သည့်အတက်နေ့တွင် အားပါးတရအေးချမ်း ပျော်ရွှင်စွာဖြင့်ပါဝင်ဆင်နွှဲခဲ့ကြကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)