မင်းလှမြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ဗဟိုမဏ္ဍပ်ပိတ်ပွဲကျင်းပ

အထက်မင်းလှ  ဧပြီ ၁၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၃ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့  ညနေ ၆ နာရီက တာဘောင်ကြီးလမ်း၊ မြို့နယ်ခန်းမရှေ့ ဗဟိုမဏ္ဍပ်၌ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့် က‌လေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ယိမ်းအကအဖွဲ့များ၊ တေးသီချင်းသီဆိုဖျော်ဖြေသူများ၊‌ ရေပက်ခံထွက်သူများ၊ ရေကစားသူများ၊ ကြည့်ရှုအားပေးသူပြည်သူများ တက်ရောက်ခဲ့ကြသည်။ ထို့နောက် ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်ပိတ်ပွဲအား တက်ရောက်လာသူများမှမန်းတောင်ရိပ်ခို”သီချင်းဖြင့် မဟာသင်္ကြန်ပွဲ‌တော်အားပိတ်သိမ်းခဲ့သည်။

မင်းလှမြို့နယ်၌ သင်္ကြန်ကာလအတွင်းဗဟိုမဏ္ဍပ်တွင် ယိမ်းအကများ၊ ဖျော်ဖြေရေးအဖွဲ့များမှ တတေးသီချင်းများဖြင့်ဖျော်ဖြေပြီး၊ ရေကစားကြသူများကို ဌာနဆိုင်ရာများအဖွဲ့က စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းကို သင်္ကြန်အကြိုနေ့မှသင်္ကြန်အတက်နေ့ထိ ဧည့်ခံ ကျွေးမွေးခဲ့ရာ ပြည်သူများအေးချမ်း ပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့‌ကြောင်း သိရသည်။

 ဇာဇာ(အထက်မင်းလှ)