ထားဝယ် ဧပြီ ၁၇
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ညနေ ၅ နာရီက ထားဝယ်မြို့၊ မြို့တော်ခန်းမရှေ့၊ ဗဟိုမဏ္ဍပ်၌ ကျင်းပသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ် သစ်လွင်ထူးနှင့်တာဝန်ရှိသူများက သင်္ကြန်ယိမ်းအကအဖွဲ့(၉)ဖွဲ့အား တစ်ဖွဲ့လျှင်ဂုဏ်ပြုဆုငွေ(၁၅)သိန်း၊ စုစုပေါင်း(၁၃၅)သိန်းအားချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန် ပွဲတော်ကို အေးချမ်းပျှော်ရွှင်အောင်မြင်စွာပိတ်သိမ်းကြောင်းကြေညာသည်။
ဆက်လက်၍ ၁၃၈၄ ခုနှစ်၊ တနင်္သာရီတိုင်းဒေသကြီး၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို မန်းတောင်ရိပ်ခိုသီချင်းဖြင့် ပျော်ရွှင်စွာသံပြိုင်သီဆိုကပြ၍ ရုပ်သိမ်းလိုက်ပြီး ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့၊ ဖျော်ဖြေရေးယိမ်းအကအဖွဲ့၊ သင်္ကြန်ယိမ်းအကအဖွဲ့များနှင့် တေးဂီတအဖွဲ့များက ပြန်လည်သီဆိုကပြဖျော်ဖြေရာ ဒေသအတွင်းမှဒေသခံပြည်သူများက စည်ကားသိုက်မြိုက်စွာဖြင့် လာရောက်ကြည့်ရှု၍ပါဝင်ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)