ညောင်လေးပင်မြို့နယ်၌ မြန်မာ့ရိုးရာ ယဥ်ကျေးမှုမဟာအတာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ညောင်လေးပင် ဧပြီ ၁၇

 ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင် မြို့နယ်၌ ၂၀၂၃ခု နှစ်၊ မြန်မာ့ရိုးရာ ယဥ်ကျေးမှုမဟာအတာသင်္ကြန်ပွဲတော်ပိတ်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်က ဗဟိုရေကစားမဏ္ဍပ်ရှိရာ ရုံးပေါင်းစုံလမ်းထိပ်၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

အခမ်းအနားတွင် ညောင်လေးပင်မြို့နယ်မဟာကြင်္န်ပွဲတော် အောင်မြင်ရေးအတွက် ဗဟိုမဏ္ဍပ်၌ကပြဖျော်ဖြေပေးခဲ့သော ယိမ်းအဖွဲ့များအား တက်ရောက်လာသော ဌာနဆိုင်ရာအကြီးအကဲများမှ ဂုဏ်ပြုဆုများချီးမြှင့်ပေးခဲ့ပြီး မန်းတောင်ရိပ်ခိုသီချင်းဖြင့်ယိမ်းအဖွဲ့မှ သမီးပျိုလေးများက ညီညာစွာကပြဖျော်ဖြေခဲ့ကြသည်။

အဆိုပါပိတ်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်ဇနီး၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ကျောက်တံခါးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဇနီး၊ ဒိုက်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ညောင်လေးပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဘုန်းမောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ NGOများ၊ ယိမ်းအဖွဲ့များနှင့် မဟာသင်္ကြန်ကျင်းပရေး ဆပ်ကော်မတီဝင် များစည်ကားသိုက်မြိုက်စွာ တက်ရောက်ကြကာ စတုဒီသာ ကျွေးမွေးလှူဒါန်းခြင်းများကိုလည်း ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)