လပွတ္တာ ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာမြို့၌ ၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် အေးချမ်းပျော်ရွှင်စွာ ရေကစားကြသူများ စတုဒီသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။
လပွတ္တာမြို့ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင်အေးချမ်း ပျော်ရွှင်စွာရေကစားကြသူများ၊ လမ်းလျှောက်သင်္ကြန် ပါဝင်ဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိပြီး အမှတ်(၅)ရပ်ကွက်၊ ကမ်းနားလမ်းရှိ ဗဟိုမဏ္ဍပ်နှင့် ဖျော်ဖြေရေးမဏ္ဍပ်များတွင် တေးသီချင်းများ၊ ယိမ်းအကများဖြင့် အလှည့်ကျသီဆိုဖျော်ဖြေခြင်း၊ မဏ္ဍပ်အသီးသီးတို့တွင် အလှူရှင်များက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခြင်းတို့ဖြင် မြန်မာ့ရိုးရာယဥ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သတင်းရရှိသည်။
လပွတ္တာ (ခရိုင်၊ ပြန်/ဆက်)