ကျုံပျော်မြို့ ဗဟိုမဏ္ဍပ်သင်္ကြန်အတက်နေ့တွင် ပြည်သူများပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိ

ကျုံပျော် ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၏ ၁၃၈၄ ခုနှစ် မဟာသင်္ကြန်ပွဲတော် ဧပြီ ၁၆ ရက် သင်္ကြန်အတက်နေ့တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိဗဟိုမဏ္ဍပ်၌ ပြည်သူများ  ပျော်ရွှင်စွာလာရောက်၍ ရေကစားလျက်ရှိကြောင်း သိရသည်။

ထိုသို့ အေးချမ်းပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျမင်းနှင့် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး စတုဒိသာကျွေးမွေးခြင်း၊ သင်္ကြန်ယိမ်းအကများ၊  စတိတ်ရှိုး တေးဂီတနှင့် DJ များဖြင့် တီးခတ်ဖျော်ဖြေခြင်းတို့ကို ပြည်သူများအပန်းပြေပျော်ရွှင်ရေးအတွက် ဆောင်ရွက်‌ပေးလျက်ရှိကြောင်း သိရသည်။

ယနေ့ သင်္ကြန်အတက်နေ့ ညတွင်လည်း သင်္ကြန်ယိမ်းအက ပြိုင်ပွဲများ၊ ဆုပေးပွဲများဖြင့် စည်ကားစွာ ဖျော်ဖြေပေးသွားမည်ဖြစ်ပြီး လာရောက်အပန်းဖြေသူများ အေးချမ်းလုံခြုံမှုရှိစေရေးအတွက် တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများတွင်လည်း နှစ်သစ်ကူးအခါသမယ တရားပွဲများ၊  အလှူပွဲများ၊ စတုဒိသာ ကျွေးမွေးခြင်းများ ငါးစာကျွေးမွေး ကုသိုလ်ပြုခြင်းများဖြင့် ပျော်ရွှင်စွာ ဆင်နွဲလျက်ရှိကြောင်း သိရသည်။

လပြည့်ဦး(ပြန်/ဆက်)