အင်္ဂပူမြို့နယ်၌ မြန်မာ့ရိုးရာယဥ်‌ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်(အတက်နေ့)တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ပါဝင်ဆင်နွဲ

အင်္ဂပူ ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲ‌တော်(အတက်နေ့)ကို ယနေ့နံနက်ပိုင်းက ပြည်သူများ‌ အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့သည်။

အင်္ဂပူမြို့နယ်၌ မဟာသင်္ကြန်(အတက်နေ့)တွင် ဥပုသ်သီလဆောက်တည်သူများ၊ စတုဒိသာကျွေးမွေးသူများ၊ ရေပက်ကစားကြသူများနှင့် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်၌ယိမ်းအဖွဲ့များ၊ တေးဂီတအဖွဲ့များမှ ဧည့်ခံဖျော်ဖြေမှုများ၊ စတုဒိသာကျွေးမွေးသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)