သနပ်ပင်မြို့နယ်၌  ဒုတိယအကြိမ်မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေငြာထားရှိမှုများအား မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှကွင်းဆင်းစစ်ဆေးဆောင်ရွက်

သနပ်ပင် အောက်တိုဘာ ၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင်၂၀၂၀ပြည့်နှစ် နိုဝင်ဘာ ၈ရက်နေ့တွင် ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအတွက်ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြော်ငြာထားမှုကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရဲမှူးတင်အောင်၊ မြို့နယ် ကော်မရှင် ဥက္ကဋ္ဌနှင့် ကော်မရှင်အဖွဲ့ဝင်များက အောက်တိုဘာ ၂ ရက်နေ့  နံနက်ပိုင်းက  ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ မဲဆန္ဒရှင်အမည်စာရင်းများ ကပ်ထားကြေငြာထားရှိမှုများအား  ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါမဲဆန္ဒရှင်စာရင်းများကို  အောက်တိုဘာ (၁)ရက်နေ့ မှ (၁၄) နေ့ထိ ကပ်ထားကြေညာ ထားသွားမည်ဖြစ်ပြီး  သနပ်ပင်မြို့နယ်အတွင်းရပ်ကွက်/ကျေးရွာ အုပ်စု (၆၆) အုပ်စုရှိပြီး  ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူ (၁၂၁၄၉၀) ဦးရှိ၍ မဲစာရင်းတွင် အချက်များမှားယွင်းနေပါက  ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ဖြည့်စွက်ခြင်း၊  မဲစာရင်းတွင် မပါသင့်သူများ  ပါဝင်နေပါက  ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ ဆန္ဒမဲစာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ(၃)    ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ အခြား ဒေသများမှ လာရောက် နေထိုင်သူများအနေဖြင့် ရက်ပေါင်း ၉၀ ကျော်လွန်ပါက ပုံစံ(၃-က)ဖြင့် လျှောက်ထားခြင်းများကို  မဲစာရင်းထုတ်ပြန်ကြေငြာသည့်နေ့မှ စ၍  (၁၄)ရက်အတွင်း အချိန်မီ ဆောင်ရွက်နိုင်ရေးကို  ကွင်းဆင်းစစ်ဆေးသည့်အဖွဲ့မှ  ရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့် အတွင်းရေးမှူးတို့အားမှာကြားခဲ့ကြကြောင်းသိရှိရသည်။

လှမိုး (သနပ်ပင်)