ဖျာပုံမြို့၌ မဟာသင်္ကြန်အတက်နေ့ ပြည်သူများအေးချမ်းပျော်ရွှင်စွာ ရေပက်ကစားခြင်းဖြင့် စည်ကားလျက်ရှိ

ဖျာပုံ ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် မြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်အတက်နေ့ ပြည်သူများဥပုသ်သီလဆောက်တည်သူများ၊ စတုဒိသာကျွေးမွေးလှူဒါန်းသူများနှင့် ပြည်သူများအေးချမ်းပျော်ရွှင်စွာဖြင့် ရေပက်ကစားခြင်းများဖြင့် စည်ကားလျက်ရှိကြသည်။

အဆိုပါမြန်မာ့ရိုးရာယဥ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကျင်းပရာတွင် ဖျာပုံခရိုင်/ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှယိမ်းအဖွဲ့များနှင့် ဖျော်ဖြေရေးအစီအစဉ်အနေဖြင့် တေးသံရှင်အဆိုတော်များက သီဆိုဧည့်ခံဖျော်ဖြေလျက်ရှိပြီး မြို့နယ်အတွင်းရှိ ဥပုသ်သီလဆောက်တည်ခြင်းနှင့် အလှူရှင်များကလည်း စတုဒိသာများကျွေးမွေးခြင်းများဖြင့် စည်ကားလျက်ရှိကြကြောင်း သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)