ကျောင်းကုန်းမြို့၌ သင်္ကြန်အတက်နေ့ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲ

ကျောင်းကုန်း ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ကျောင်းကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့ရှိဗဟိုမဏ္ဍပ်၌ ယနေ့သင်္ကြန်အတက်နေ့ နံနက် ၈ နာရီအချိန် ပျော်ရွှင်စွာဖျော်ဖြေကပြသီဆိုကာ ရေပက်ကစားခဲ့ကြသည်။ အလှူရှင်များကလည်း နေ့စဉ်မုန့် လုံးရေပေါ်များ၊ မုန့်လက်ဆောင်းများ၊ ထမင်း/ဟင်းများဖြင့် လှူဒါန်းကျွေးမွေးခဲ့ကြကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ် မြို့ပေါ်(၅)ရပ်ကွက်ဖြစ်သော အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ အမှတ်(၃)ရပ်ကွက်၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက်တို့မှ ယိမ်းအဖွဲ့များနှင့် ပညာရေးဌာနမှယိမ်းအဖွဲ့များ၊ မြို့နယ်သဘင်အစည်းအရုံးမှ မြန်မာသံစဥ်တေးသံရှင်များ၊ စတူဒီယိုတေးသံရှင်များနှင့် ခေတ်ပေါ်တေးသံရှင်များက အလှည့်ကျဧည့်ခံဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ဝင်းကြိုင်‌(ပြန်/ဆက်)