ငပုတောမြို့၌ မဟာသင်္ကြန်ပွဲတော် အတက်နေ့နံနက်ပိုင်းတွင် သီတင်းသီလဆောက်တည်ကြသူများ၊ ရေကစားသူများဖြင့် စည်ကားလျက်ရှိ

ငပုတော ဧပြီ ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မဟာသင်္ကြန်ပွဲ အတက်နေ့နံနက်ပိုင်းတွင် ဘုရားကျောင်းကန်များတွင် ဥပုလ်သီတင်းသီလ ဆောက်တည်ကြသူများ၊ ရေကစားသူများ၊ စတုဒီသာကျွေးမွေးသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ငပုတောမြို့အတာသင်္ကြန် ဗဟိုမဏ္ဍပ်တွင်လည်း ရေကစားကြသူများဖြင့် စည်ကားလျက်ရှိသည်။

အလားတူ ငပုတောမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများနှင့် ရပ်ကွက်များတွင်လည်း ရေကစားကြသူများ၊ စတုဒီသာကျွေးမွေးကြသူများဖြင့် အေးချမ်းပျော်ရွှင်စွာ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ဆင်နွှဲလျက်ရှိကြောင်း သိရသည်။

အောင်သူ(ပြန်/ဆက်)