ဖြူး ဧပြီ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်၁၃၈၄-ခုနှစ်၊၂၀၂၃-ခုနှစ်၊ ဧပြီလ(၁၆)ရက်နေ့၊ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အတက်နေ့ကို ဆက်လက်၍ အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
၂၀၂၃-ခုနှစ် မြန်မာနှစ်သစ်ကူးမဟာ သင်္ကြန်ပွဲတော်အတက်နေ့၌ ဗဟိုသင်္ကြန်မဏ္ဍပ်တွင် သင်္ကြန်သီချင်းများသီဆိုကာ ယိမ်းအလှမယ်များက ကပြဖျော်ဖြေခြင်း၊ ရေကစားမဏ္ဍပ်တွင် ရေကစားခြင်းနှင့် ရပ်ကွက်အတွင်း ရေလောင်းရေပက်ခြင်း၊ စတုဒီသာကျွေးမွေးခြင်များကို အေးချမ်းပျော်ရွှင်စွာ ဆင်နွှဲလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဌာနဆိုင်ရာများနှင့် မိသားစုဝင်များ၊ ပြည်သူများမဟာသင်္ကြန်ပွဲတော်ကို အေးချမ်း ပျော်ရွှင်စွာဆင်နွှဲနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်ကာ သင်္ကြန်ပွဲတော်ဖြစ်မြောက်ရေးကော်မတီက စီစဉ်ဆောင်ရွက်ပေးကာ ရေကစားသူများ ထိခိုက်မှုနှင့် ခိုက်ရန်မဖြစ်ပွားရေး ကြပ်မတ်ဆောင်ရွက်နေကြောင်းနှင့် ဖြူးမြို့နယ်တွင်၂၀၂၃-ခုနှစ်၊မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်သည် ယခင်နှစ်ထက် ပိုမိုစည်ကားမှုရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌထံမှ သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)