မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော် အကြတ်နေ့နံနက်ပိုင်းတွင် ပုသိမ်မြို့၌ရေကစားသူများ ရေပက်ခံထွက်သူများနှင့်စည်ကားလျက်ရှိပြီး မဏ္ဍပ်များနှင့် ယိမ်းအဖွဲ့များအားတိုင်းဒေသကြီး ဝန်ကြီးချုပ် ကြည့်ရှုအားပေး

ပုသိမ်   ဧပြီ   ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌ မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အကြတ်နေ့တွင် ကမ်းနားလမ်းတစ်လျှောက်ရှိ လမ်းလျှောက်သင်္ကြန်အပါအဝင် ဌာနဆိုင်ရာများနှင့်ရပ်ကွက်များမှ မဏ္ဍပ်(၁၀)ခု၌ ရေပက်ခံထွက်သူ လာရောက်ရေကစားသူများဖြင့် ယနေ့တွင် စည် ကားလျက်ရှိပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက ဖျော်ဖြေရေးနှင့် ရေကစားမဏ္ဍပ်များသို့ သွားရောက်၍ ယိမ်းအဖွဲ့များ၏ သီဆိုကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအား‌ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အနောက်တောင်တိုင်းဌာနချုပ် ဖျော်ဖြေရေးင်္ကြန်မဏ္ဍပ်သို့သွားရောက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တပ်ရင်းတပ်ဖွဲ့များ၏ နိဗ္ဗာန်ဈေး စတုဒီသာမဏ္ဍပ်အသီးသီးမှ တည်ခင်းဧည့်ခံထားသော စားသောက်ဖွယ်ရာများအား သုံးဆောင်ချီးမြှင့်အားပေးခဲ့ပြီး ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အ​နောက်​တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီးတို့က  ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် နဒီဧရာ တေးဂီတအဖွဲ့တို့အား ဂုဏ်ပြု ဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့သည်။

ထို့​နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနားလမ်း ရှုခင်းသာရင်ပြင်ရှိ ဗဟိုမဏ္ဍပ်သို့ သွားရောက်၍ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု ငြိမ်းချမ်းရေးဂီတပွဲတော် အဆိုတော်ဇင်သူဇာထွန်း၊၂၀၂၂ခုနှစ်၊ စိန်ရတုပြည်ထောင်စုနေ့ “တူယှဉ်နွှဲပျော် ဂီတပွဲတော်” Winner ဆုရှင် ဇင်သူသူထွန်း၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ စန္ဒယားအတီး ရွှေတံဆိပ်ဆုရှင် မောင်ဝေယံလမင်း၊ တိုင်း​ဒေသကြီးအဆင့် အဆို၊ အက၊ အ​ရေး၊ အတီး ​​ အကပြိုင်ပွဲ ရွှေတံဆိပ်ဆုရှင် ခင်လပြည့်ဝန်းနှင့် တေးသံရှင်များ၏ သီဆို‌ ဖျော်ဖြေမှုများ၊ ပုသိမ်မြို့ခံယိမ်းအဖွဲ့များနှင့်မြောင်းမြခရိုင်မှ   လာရောက်ဖျော်ဖြေသည့် ယိမ်းအဖွဲ့များ၏ သီဆိုကပြဖျော်ဖြေမှုအား ကြည့်ရှုအားပေးခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဧည့်သည်တော်များအား ချစ်ကြည်ရင်းနှီးစွာဖြင့်အတာရေစင်များ ပက်ဖျန်းပေးခဲ့သည်။ ယင်းနောက် ဖျော်ဖြေရေးယိမ်းအဖွဲ့များနှင့် တေးသံရှင်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီး များက ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ခဲ့ကြောင်းသိရသည်။

 ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကမ်းနားလမ်းရှိ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ပြည်သူများနှင့် အတူချစ်ကြည်ရင်းနှီးစွာ ပါဝင်ဆင်နွှဲခဲ့ပြီး ရေကစားသူ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးခဲ့သည်။

ဧရာဝတီတိုင်း​ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ၁၃၈၄ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်၌ ​ပျော်ရွှင်စွာ သင်္ကြန်​ရေကစားသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)