မင်းလှမြို့၌ မဟာသင်္ကြန်အတက်နေ့တွင် ပြည်သူများ ပျော်ရွှင်စွာဆင်နွှဲ

အထက်မင်းလှ   ဧပြီ ၁၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ၂၀၂၃ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်(အတက်နေ့)တွင် ဗဟိုမဏ္ဍပ်၌ ပြည်သူများ‌အေးချမ်းပျော်ရွှင်စွာဆင်နွှဲလျက်ရှိ‌ကြောင်း သိရသည်။

မဟာသင်္ကြန်အတက်နေ့တွင် ဗဟိုမဏ္ဍပ်၌ယိမ်းအကများဖြင့် ကပြဖျော်ဖြေခြင်း၊ စတိတ်ရှိုးအစီအစဥ်များဖြင့် သီဆိုဖျော်ဖြေမှုများအပြင် ဌာနဆိုင်ရာများအဖွဲ့မှ ယိမ်းအကအဖွဲ့များ၊ ရေကစားသူများ၊ ဖျော်ဖြေရေးလာရောက်ကြည့်ရှုသူများအား သင်္ကြန်အကြိုနေ့မှစတင်၍ နေ့စဉ်စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးလျက်ရှိသည်။

ထို့ပြင် မြို့ပေါ်ရပ်ကွက်အသီးသီးတွင်လည်း ရေကစားမဏ္ဍပ်များ၊ ရေပက်ခံထွက်သူများ၊ စတုဒိသာ ကျွေးမွေးသူများနှင့်စည်ကားလျက်ရှိပြီး နှစ်ဆန်းတစ်ရက်နေ့တွင် ဘုရားစေတီပုထိုးများအား ရေသပ္ပါယ်ခြင်း၊ ပရိတ်တရားများရွတ်ဖတ်ပူဇော်ခြင်း၊ သက်ကြီးပူဇော်ပွဲများပြုလုပ်ခြင်းကို မြို့နယ်အတွင်းရှိရပ်ကွက်၊ ကျေးရွာများတွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)