ဟင်္သာတ ဧပြီ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၁၃၈၄ ခုနှစ်၊ မြန်မာရိုးရာမဟာသင်္ကြန်ပွဲတော်(အတက်နေ့.)တွင် ဗဟိုရေကစားမဏ္ဍပ်၌ ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ရေကစားကြသည်။
အဆိုပါ မြန်မာရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်ကို ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များပူးပေါင်းပြီး စတုဒိသာများ ကျွေးမွေးလှူဒါန်းခြင်း၊ ယိမ်းအဖွဲ့နှင့်အဆိုဖျော်ဖြေရေး အစီအစဉ်များဖြင့် သီဆိုဧည့်ခံပေးလျက်ရှိရာ ပြည်သူများအေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိကြောင်း သိရသည်။
ခရိုင်ပြန်ဆက်