ညောင်လေးပင်မြို့၌ မြန်မာ့ရိုးရာမဟာသင်္ကြန်အတက်နေ့ ဗဟိုမဏ္ဍပ်၌  ပြည်သူများ အေးချမ်းပျော်ရွှင်စွာ လာ‌ရောက်ရေကစားလျက်ရှိ

ညောင်လေးပင် ဧပြီ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့တွင် ၁၃၈၄ ခုနှစ်၊ မြန်မာ့ရိုးရာမဟာ သင်္ကြန်ဗဟိုမဏ္ဍပ်ကို ရုံးပေါင်းစုံလမ်းထိပ်၌ ဖွင့်လှစ်ကျင်းပလျက်ရှိရာ ဧပြီ ၁၆ ရက် မဟာသင်္ကြန်အတက်နေ့တွင် ပြည်သူများအေးချမ်းပျော်ရွှင်စွာ လာရောက်ရေကစားလျက်ရှိ‌ ကြောင်းသိရသည်။

ညောင်လေးပင်မြို့နယ် မဟာသင်္ကြန်ဗဟိုမဏ္ဍပ်တွင် ယိမ်းအဖွဲ့(၁၀)ဖွဲ့က အလှည့်ကျကပြဖျော်ခြင်း၊ တေးသံရှင်များကသီဆို ဖျော်ဖြေခြင်းများပြုလုပ်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ‌ဒေသခံပြည်သူများက ဆုတော်ငွေများ အသီးသီးချီးမြှင့်ခဲ့ကြပြီး အဆိုပါဗဟိုမဏ္ဍပ်သို့ ဒိုက်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လာရောက်လည်ပတ်ကြည့်ရှုခဲ့ကြောင်း သိရသည်။

သင်္ကြန်ဗဟိုမဏ္ဍပ်ကို သင်္ကြန်ချစ်သူပြည်သူများသည် မြန်မာ့ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းနှင့်အညီ အေးချမ်းပျော်ရွှင်စွာဖြင့် လာရောက်ရေကစားကြလျက်ရှိရာ  ရေကစားရန် လာရောက်ကြသူများကိုစတုဒိသာအဖြစ် မုန့်လုံးရေပေါ်၊ မုန့်လက်ဆောင်း၊ အအေးများ ဧည်ခံကျွေးမွေးခဲ့ကြောင်း၊ ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ ရေဆော့ကစားနိုင်စေရန် လုံခြုံရေးများလည်းထားရှိပေးကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)