ချောက် ဧပြီ ၁၆
၁၃၈၄ ခုနှစ်၊ မဟာသင်္ကြန်ပွဲတော်အတက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်သင်္ကြန်မဏ္ဍပ်တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာဖြင့် ရေပက်ကစားလျက်ရှိပြီး မြို့နယ်ရဲတပ်ဖွဲ့မိသားစုများက သင်္ကြန်မဏ္ဍပ်တည်ရှိရာ၊ လမ်းမတော်လမ်းတစ်လျောက် သွားလာသည့် ပြည်သူများ၊ သင်္ကြန်မဏ္ဍပ်သို့ လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များ၊ ရေကစားလာပြည်သူများ၊ ဖျော်ဖြေရေး ယိမ်းအဖွဲ့ များအား စတုဒီသာအဖြစ် မုန့်လုံးရေပေါ်များပြုလုပ်ကျွေးမွေးခဲ့ကြောင်း သိရသည်။
မြန်မာတို့၏ အတာသင်္ကြန်သည်နှစ်ဟောင်းကုန်၍ နှစ်သစ်ကူးပြောင်းသော ကာလဖြစ်သည်နှင့်အညီ မဟာသင်္ကြန်အတက်နေ့၌ အလှူဒါနကောင်းမှုကုသိုလ်များ ပြုလုပ်လျက်ရှိရာ ချောက်မြို့အမှတ်(၁၄)ရပ်ကွက်၊ ရေကစားမဏ္ဍပ်တွင်လည်း ရေကစားလာသူများ၊ လမ်းသွားလမ်းလာပြည်သူများ၊ မုန့်လုံးရေပေါ်များဖြင့် ဧည်ခံကျွေးမွေး ကုသိုလ်ယူဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ကျော်မိုး(ပြန်/ဆက်)