ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာ၊ ရွှေကျင်ကျေးရွာတို့ရှိ ဈေးများ၊ လမ်းဘေးဈေးဆိုင်/ အိမ်ဆိုင်များ၊ စားသောက် ဆိုင်များနှင့် ရေလမ်းကြောင်း အဝင်/အထွက်ဂိတ်များအား စစ်ဆေး

မြန်အောင်  အောက်တိုဘာ 

ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှုအား ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာ၊ ရွှေကျင်ကျေးရွာတို့ရှိ စည်ပင်သာယာရေးအဖွဲ့ပိုင် ဈေးများ၊ လမ်းဘေးဈေးဆိုင်/ အိမ်ဆိုင်များ၊ စားသောက်ဆိုင်များ နှင့် ရေလမ်းကြောင်း အဝင်အထွက်ဂိတ်များအား ယနေ့နံနက်က မြို့နယ်အဆင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ စစ်ဆေးကြပ်မတ်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်မြို့နယ်အဆင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်ထက် ဦးဆောင်၍ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ မြို့နယ်ပြန်/ဆက် ဦးစီးမှူး၊ မြိုနယ်ကျန်းမာရေးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်တို့ ပါဝင်သော မြို့နယ်အဆင့် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့များနှင့် ကျေးရွာအုပ်စု စည်းကမ်းထိန်းသိမ်း‌‌ရေး အဖွဲ့များက မြန်အောင်မြို့နယ် သပြေကုန်းကျေးရွာနှင့် ရွှေကျင်ကျေးရွာတို့ရှိ စည်ပင်သာယာရေး အဖွဲ့ပိုင်ဈေးများ၊ လမ်းဘေးဈေးဆိုင်/ အိမ်ဆိုင်များအား သတ်မှတ်အချိန်အတွင်း ရောင်းချခြင်း ရှိ/မရှိ၊ စားသောက်ဆိုင်များ (Take-Away) (ပါဆယ်) စနစ်ဖြင့် ရောင်းချခြင်းရှိ/မရှိ စစ်ဆေးကြပ်မတ်ခြင်းတို့ ဆောင်ရွက်ပြီး ရွှေကျင်ကျေးရွာ ရွှေကျင်ကူးတို့ဆိပ်တွင် ရေလမ်းကြောင်းမှ ဝင်ရောက်မှုအား စစ်ဆေးရေး ဂိတ်ဖွင့်လှစ် စစ်ဆေးနေမှုအား ကြည့်ရှုစစ်ဆေး၍ လိုအပ်ချက်များအား ဖြည့်ဆည်းပေါင်းစပ် ဆောင် ရွက်ပေးခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ် (ပြန်/ဆက်) မြန်အောင်